ငလျင်လှုပ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ တိုင်းစစ်ဌာနချုပ်ရုံးတို့အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ ဘုရားစေတီအဆောက်အအုံများ ထိ ခိုက်ပျက်စီးမှုများပြား
သံလွင်မြန်မာသတင်း
မတ်လ ၂၈
မြန်မာနိုင်ငံ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန်က လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော် လွှတ် တော်အဆောက်အအုံ၊ တိုင်းစစ်ဌာနချုပ်ရုံးတို့အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ ဘုရားစေတီများ၊ အ ဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ကို သွယ်တန်းထားသည့် စစ်ကိုင်းတံတားဟောင်းပြိုကျ ကာ စစ်ကိုင်းတောင်ရှိ ဘုရားစေတီအချို့လည်း ပြိုကျပျက်စီးခဲ့ကြောင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ဒေသရှိ တိနီကျောင်း ရွှေရတု ငွေရတု ငါးထပ်ဆောင်လည်း ပြိုကျကာ တည်းခိုနေထို်သူများ ပိတ်မိ နေကြောင်း သိရသည်။
မန္တလေးမြို့ပေါ်တွင်လည်း ဂရိတ်ဝေါဟိုတယ်ပြိုကျခြင်း၊ ရွှေဘုန်းရှိန်ဗလီတွင် ဝတ်ပြုနေချိန် ငလျင် လှုပ်ခတ်မှုကြောင့် ဗလီပြို ကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ၊ မန္တ လေး လေယာဉ်ကွင်း အဆောက်အအုံပြိုကျမှုလည်းရှိပြီး လေယာဉ်စီးခရီးသည်များ ဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ရကြေင်း သိရသည်။
ထို့အပြင် မန္တလေးမြို့ရှိ မစိုးရိမ် တိုက်သစ် ဓမ္မရက္ခိတ ၅ ထပ်ကျောင်းလည်း ပြိုကျကာ ၎င်းအနီးရှိ နာရီစင်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ၊ မန္တလေး တက္ကသိုလ် တိုင်ခြောက်လုံးခေါ် ပင်မအ ဆောင်ကြီးနှင့် မန္တလေး မဟာမြတ်မုနိဘုရားကြီး ထိခိုက်ပျက်စီးမှုရှိ သိရသည်။
အလားတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့ တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဥမင် ဘုရားတောင်ခြေ တဝိုက်ရှိ ဘုရားစေတီများနှင့် လူနေအိမ် အချို့ပြိုကျပျက်စီးကာ အက်ကွဲ သွား သော ဘုရားစေတီများ၊ ထီးတော်များယိုယွင်းပြီး ပျက်စီးသွာသော ဘုရားစေတီများရှိကြောင်း သိရ သည်။
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်လည်း အောင်ပန်းမြို့နယ်၏ လမ်းမကြီးဘေးရှိ ၆ ထပ် အမြင့်ရှိ ဟိုတယ်အောင်ပန်းသည်လည်း အလုံးစုံပြိုကျခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် တည်းခိုသူ ၂၀ ဦး ထက်မနည်းပိတ်မိနေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။
ထို့အပြင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဇရပ်ကြီး ဘုန်းတော်ကြီးကျောင်း၊ ဖောင်တော်ဦး ဘုရားတို့ လည်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်ဘေးရှောင်များနေထိုင်သည့် ဝေဠုဝန်ကျောင်းတိုက်လည်း ပြိုကျခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူများ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာပြည်တွင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သည့် အင်အားအလွန်ပြင်းထန်သော ငလျင် ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက် ဆီးမှုများရှိကြောင်း ၊ အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နိုင် သော ကြောင့် ယိုင်နဲ့သွားသည့် အဆောက်အအုံများထဲတွင် ဆက်မနေကြရန်၊ ငလျင်ကြောင့် ဆည် ၊ တာတမံများ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိုအပ်ပါ ကြိုတင်ရွှေ့ပြောင်းကြရန်နှင့် အချို့ဒေသများတွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်သည့် အတွက်သတိပြုနေထိုင်ကြပါရန် NUG အစိုးရက သတိပေးထားသည်။
Thanlwin Myanmar Media