ကရင်နီပြည်နယ် ရှေ့တန်းနယ်မြေတစ်ခုမှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက် ၁ လက်နှင့်အတူ ထွက်ပြေးလာပြီး KNDF ထံ ခိုလှုံ
သံလွင်မြန်မာသတင်း
မတ်လ ၂၈
ကရင်နီပြည်နယ်၊ အမှတ် ၆ ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် ၅ တာဝန်ယူထားသော ရှေ့တန်းနယ်မြေ၌ စစ်ကောင်စီတပ်သား ၄ ဦး လက်နက် ၁ လက် နှင့်အတူ ထွက်ပြေးလာပြီး ဘက် ပြောင်းခိုလှုံခဲ့ကြောင်း KNDF တပ်ရင်း ၅ ကထုတ်ပြန်သည်။
မတ်လ ၂၆ ရက် နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် ၅ တပ်ရင်း တာဝန် ယူထားသည့် ရှေ့တန်းနယ်မြေမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးမှာ MA1 အမျိုးအစား သေနတ် ၁ လက် နှင့် အတူထွက်ပြေးလပြီး ဘတ်ပြောင်းခိုလှုံခဲ့ကြောင်း ၊ ထိုသို့ ထွက်ပြေး၍ ဘတ်ပြောင်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအနက် ၃ ဦးမှာ ပြည်သူ့စစ်မှုထမ်းတပ်သားမျးဖြစ်ကြောင်း သိရ သည်။
အဆိုပါတပ်သားများသည် စစ်ကောင်စီတပ်ထဲသို့ မိမိတို့စိတ်ဆန္ဒအရ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ အတင်းအဓမ္မ စုဆောင်းခံရပြီး တပ်တွင်းရောက်လာရသူများ ဖြစ်သလို စစ်ကောင်စီမှ သင်တန်း ပို့ချနေသည့် ကာလများတွင် လည်းထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း လွတ်မြောက်ခြင်းမရှိခဲ့ပဲ ရှေ့တန်းစစ်မြေပြင်သို့ အဓမ္မပို့ဆောင်ခံခဲ့ရသူများဖြစ်သည်ဟု ဝန်ခံ ထွက်ဆိုထားကြောင်း KNDF တပ် ရင်း ၅ က ပြောဆိုသည်။
တော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီဘက်တွင် စစ်ဆင်ရေးများ အထိနာ၍ တပ်သား ပျောက်ဆုံးမှုများ တိုးလာခြင်း၊ လူ့စွမ်းအား ပြတ်လပ်လာခြင်း စသည့် ပြဿနာများကြောင့် မတရား ဖမ်းစီး၍ လူသစ်စုဆောင်းမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကို တွေ့ရှိရကြောင်း၊ ထိုသို့ အတင်း အဓမ္မဖမ်းစီးမှုများကြောင့် ထွက်ပြေး ဘတ်ပြောင်းသူများ ပိုမို များပြားလာသည်ဟု ဆိုသည်။
ဘတ်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအား KNDF အမှတ် ၅ တပ်ရင်းမှ သက်ဆိုင် ရာ ဌာနသို့ လွှဲပြောင်း၍ လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားပြီဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသော စစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အာ ဏာရှင် စစ်ကောင်စီအား ကျောခိုင်း၍ ပြည်သူလူထုအား မျက်နှာမှုကာ လာရောက်ပူးပေါင်းကြပါရန် ဖိတ်ခေါ်တိုက်တွန်းထားသည်။
Thanlwin Myanmar Media