စစ်တပ်မှ အရပ်သား ပြည်သူလူထု အပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူး လွန်နေသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်နေရပြီးလေကြောင်းမှ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများ ကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ်ပြန်လည်သွားရောက်ရေးမှာ မဖြစ်နိုင်ဟု သံ အမတ်ကြီး ဦးကျော်မိုးထွန်းထောက်ပြ
သံလွင်မြန်မာသတင်း
မတ်လ ၂၈
စစ်တပ်မှ အရပ်သား ပြည်သူလူထု အပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူး လွန်နေသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်နေရပြီးလေကြောင်းမှ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများ ကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ်ပြန်လည်သွားရောက်ရေးမှာ မဖြစ်နိုင်ဟု ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” အဆိုမူကြမ်း A/79/L.67 အား အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းပြုလုပ်ခဲ့ရာတွင် ၎င်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မိမိတို့နိုင်ငံ၏ ဦးစား ပေး အကြောင်းအရာ ဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက်ဖြင့်ပင် အဆိုမူကြမ်းအား ဆွေးနွေးသည့် လုပ်ငန်း စဉ်တစ်လျှောက်လုံး အလေးထား ပါဝင်ခဲ့ကြောင်း၊ ရိုဟင်ဂျာများ၏ ဒုက္ခမှာ ကြီးလေးခဲ့ပြီး စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ပိုမိုဆိုးရွားလာခဲ့ကြောင်း ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ကြားသည်။
ဒုက္ခသည်များအနေဖြင့် ရင်သွေး ငယ်အသစ်များ မွေးဖွားမှု တိုးပွားလာခြင်းနှင့် အသစ်ထပ်မံ ဖြစ်ပေါ် လာသည့် ပြဿနာများ အပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ၎င်း တို့အား လက်ခံပေးကြသည့် အိမ်ရှင်နိုင်ငံများ၏ အသိုက်အဝန်းများအပေါ်တွင် လည်း ဝန်တာ အပို ပိနေသည့်အချက်မှာ ငြင်းဆန်၍ မရဟု ဆိုသည်။
ထို့ပြင် ဒုက္ခသည်များမှ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက်ပြန်လည်သွား ရောက်ရေး ကနဦး သဘောတူညီချက်ကလည်း အခြေအနေ အရပ်ရပ်ကြောင့် ခက်ခဲလျက်ရှိပြီး ၎င်း တို့ နေရပ်ပြန်လည်သွားရောက်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်မှာ ယနေ့တိုင် မဖြစ်ပေါ် သေးသည် ရှင်းရှင်းလင်းလင်းမြင်တွေ့ရကြောင်း အသိပေးထားသည်။
ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်၍ ပြ ဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ကျင့်သုံးနေသည့် အာဏာရှင်စနစ်ဖြစ်ကာ အဆိုပါ ဇစ် မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန်လိုအပ်သည်ဟု နိုင်ငံတကာအသိုက်အဝန်း၊ အထူး သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား ထပ်ဖန် တလဲလဲ အလေးအနက်ထား ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။
ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူလူထုအပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန်နေခြင်းကို မျက် ဝါးထင်ထင် တွေ့မြင်နေရပြီး မတရား စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ စစ်တပ်က ကျူး လွန်သည့် ယုတ်ရင်းကြမ်းတမ်းသော လုပ်ရပ်များသည် ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများ အပါ အဝင် မြန်မာပြည်သူ အားလုံးအပေါ်၌ သက်ရောက်မှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အတူ နောက်ဆက်တွဲ ဆိုးကျိုးများသည်လည်း ဒေသအတွင်းနှင့် အခြားနေရာများသို့ပါ ပြန့်နှံ့ နေ ပြီဖြစ်ပြီး စစ်တပ်အနေဖြင့် ရိုဟင်ဂျာများ အပါအဝင် အရပ်သားပြည်သူများအား အတင်းအကျပ် တပ် သား စုဆောင်းနေခြင်းက ခိုင်မာသည့် သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ ရိုဟင်ဂျာ အရေးကိစ္စသည် မြန် မာနိုင်ငံတွင် စစ်အာဏာရှင်၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ အနက် တစ်ခုမျှသာဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးများအား မြှင့်တင် ကာကွယ် ရေးအတွက် ဘက်စုံထောင့်စုံအား ထည့်သွင်းစဉ်းစားသည့် ချဉ်းကပ်မှုပုံစံကို အသုံးပြုခြင်းက အလွန် အရေးကြီးကြောင်း၊ ထို့သို့ ချဉ်းကပ်မှုနှင့်ပတ်သက်၍ စဉ်းစားချက်များတွင် မြန်မာနိုင်ငံ၏ လက်ရှိအ ခြေအနေ အခင်းအကျင်း တစ်ရပ်လုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရမည်ဖြစ်ပြီး ပြဿနာ တစ်စုံလုံးကို ပြည့်ပြည့်ဝဝ ဖြေရှင်း၍ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ရှာဖွေနိုင်မည်ဖြစ် ကြောင်း အကြံပြုထားသည်။
အလားတူ စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည် သွား ရောက်ရေးမှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊ ယခု အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပ ခြင်းက ပြဿနာအား ဖြေရှင်းရေး အတွက် မိမိတို့၏ လုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင် မည့် အခွင့်အရေးအဖြစ် ရှုမြင်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျောမိုးထွန်းက ပြောကြားသည်။
ထို့အတူ ကွန်းဖရင့်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ၏ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရေးကိုလည်း အလေးထား မျှော်မှန်းပါကြောင်း၊ ၎င်းတို့ကသာလျှင် မြေပြင်ရှိ ပကတိအခြေအနေများအား မိမိတို့၏ အနာဂတ် ဆွေးနွေးမှုများသို့ ပေါင်းစပ်ပေးနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
Thanlwin Myanmar Media