Read Time:50 Second
ကဗျာကဏ္ဍ “ရွှေရက်”
ပျိုးကြဲလက်
အဖိုးထိုက်ပါဘိ
စံကိုက်သကွယ့် ပြည့်အားအင် ။
စီဒီအမ် အသွင်ဆန်းတာက
ဝန်ထမ်းရာ မှန်ရာရပ်လို့
သေနတ်အရှင်ကို ဦးပင်မညွှတ်ပါဘု
ပြည့်လွတ်လမ်းဆင် ။
တော်လှန်ရာ ခရီးကြမ်းမှာလ
ရမ်းသမျှကို ကျော်လွှားသကွယ့်
နွမ်းလျှပို မော်ကြွားမဟဲ့ရယ်လို့
အားတင်းရတဲ့ စိတ်ဘဝင်
စမ်းရေအသွင် မကြည်ဘူး ။
ညီတူတယ်
ပြည်သူရယ် တသားတည်းပေမို့
နာကြည်းချက် အဖုံဖုံနဲ့
ရင်စုံမှာ ထုံထုံဝှက်ပါလို့
ရွှေရက်မှာ ရောင်နီလက်ပါမှ
ဆက်ဆက်ပျော်မြူး ။ ။
ပျိုးကြဲလက်
ကဗျာကရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက် ည ၉ နာရီ ၃၇ မိနစ်
Thanlwin Myanmar Media