ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူ တပ်သားကြည်ဝင်း ဆိုင် ကယ်တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၇
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူ တပ်သား ကြည် ဝင်း ဆိုင်ကယ်တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။
မတ်လ ၂၅ ရက်နေ့က ဂန့်ဂေါမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပျူစောထီးအဖွဲ့ ဝင်တစ်ဦး ၏ သားဖြစ်သူမောင်းလာသော ဆိုင်ကယ် ၁ စီးက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တသကြည် ဝင်းမှာ နေ ရာမှာ သေဆုံးသွားကြောင်း၊ ၎င်းသေဆုံးမှုကြောင့် ပျူစောထီးအဖွဲ့ဝင် သားဖြစ်သူကို ဂန့် ဂေါမြို့မရဲ စခန်းတွင် ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။
“ဂန့်ဂေါမြို့ပေါ်မှာပဲ တိုက်ခံရတာပါ။ ပျူစောထီးသားကတော့ ရဲစခန်းမှာ ဖမ်းထားတယ်။ ကြည်ဝင်း ဆိုတဲ့စနိုက်ပါတပ်သားက ပြည်သူတွေကို စနိုက်ပါနဲ့ပစ်ခတ်သတ်ဖြတ်နေတာ၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြစ်စဉ်က အတိအကျသိရတဲ့သတင်းပေါ့၊ အဲဒီနေ့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာ၊ တစ်ယောက်က ကျည်ထိပြီး ပွဲချင်းပြီးသေတာ။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြော ကြားသည်။
သေဆုံးသွားသော စနိုက်ပါတပ်သား ကြည်ဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းက ခလရ ၅၀ တပ်ရင်းအနီး ဂန့်ဂေါမြို့နှင့် စိုင်ဒူးရွာဘက်ခြမ်းကို ဆက်သွယ်ထားသော တံတားပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော ဂန့်ဂေါမြို့နယ် လာပို့ရွာသားတစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့သူဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media