ရွှေဘို – ရေဦးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၅ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၂၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ ပျူစောထီး ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂၅ ရက် နံနက် ၉ နာရီ ၂၀ မိနစ်မှ စ၍ ၁၂ နာရီ ၃၅ မိနစ်အထိ ရွှေဘိုမြို့နယ် ရွှေ ဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနှင့် ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိလာသော စစ်သား၊ ပျူစောထီး များကို ဒရုန်းဗုံးသီးများချခြင်း ၊ လက်နက်ကြီးများပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အ ပြင် ဥသျှစ်ကန်သုဿန်အတွင်းမှ ထွက်လာသောစစ်သား၊ ပျူစောထီးများကိုလည်း ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စစ်အသုံးအဆောင် ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“မနေ့ကအထိတော တိုက်ပွဲမှာ ၅ ဦးသေပါတယ်။ ပြန်ဆုတ်မသွားသေးပဲ အခုထိရှိနေပါသေးတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းစစ်သား၊ ပျူစောထီးများမှာ ပန်ရံရွာ၊ ခွန်တောင်ကြီးရွာ၊ ဇီးကုန်းလေးရွာနှင့် ဇီးဖြူကုန်းပျူစော ထီးရွာတို့မှ စစ်သားများ၊ ပျူစောထီးများဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရွှေဘိုမြို့ မေဂွန်ရွာ ပျူစောထီးများမှ ကား ၂ စီးဖြင့် ကျွန်းခြံသို့ အကူရောက်လာခြင်း၊ ရွှေဘိုမြို့ ခလရ ၄၂ တပ် ၊ ရွှေဘို မြို့ ကညနရုံး ၊ ရွှေဘိုကန်တော်တို့၌ တပ်စွဲထားသော စစ်သားများက ၁၂၂ မမ လက်နက်ကြီး များ ဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့ (PDO)မှ ဦးဆောင်ကာ၊ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့ ၊ တိုက် နယ်-၅ (ပကဖ) အဖွဲ့ ၊ တိုက်နယ်-၁ (ပကဖ) နှင့် တိုက်နယ်-၂ (ပကဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media