KNU News

0 0
Read Time:3 Minute, 44 Second

လှိုင်းဘွဲ့မြို့နယ်၊ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်မှု စစ်သားအလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၇

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့ နယ် အတွင်းဝင်ရောက်ကျူးကျော်တပ်စွဲထားသော ခလယ်ဒေး စစ်ကောင်စီစခန်းကို တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာ စစ်သားအလောင်း ၂ လောင်းနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉) ၊ တပ်ရင်း (၂၁) ၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄) တို့ ပူးပေါင်းကာ သိမ်းပိုက်ခဲ့သည်။

 

မတ်လ ၂၂ ရက်နေ့မှစတင်၍ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ဘက်မှလည်း မတ်လ ၂၄ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y-12 ဖြင့် ဗုံး ၃၆ လုံး ခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ (၂၅) ရက်နေ့တွင် KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်မှု များ ကြောင့် စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများမှာ ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့၏ လက်နက်ခဲယမ်းများအားမီးရှို့ဖျက်ဆီးကာ စခန်းအားစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရ သည်။

 

သိမ်းပိုက်ရရှိခဲ့သည့် ခလယ်ဒေးစခန်းအား ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား ၂ ဦး၏ အ လောင်းအားတွေ့ရှိခဲ့ရပြီး စခန်းအတွင်းမှ ပွိုင့် ၅ တစ်လတ်၊ ပွိုင့် ၅ ပြောင်း ၂ ချောင်း၊ ၆၀ မမ အရှည် ၁ လတ်၊ ၆၀ မမ အတို ၁ လတ်၊ RPG-7 ၁ လတ်၊ MA-2 (၃) လတ်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခ မောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်ပြီး ၎င်းစခန်း စတင် တည်ဆောက်သည့် အချိန်မှစ၍ ဒေသနေပြည်သူလူထု၏ လွတ်လပ်စွာ လှုပ်ရှားသွားလာ နေ ထိုင်လုပ်ကိုင်စားသောက်ခွင့်ကို အကန့်သတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဒေသနေ ပြည်သူလူထုများ လွတ် လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ လိုလားချက် နှင့်အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ခလယ်ဒေး စစ်ကောင်စီ တပ်စခန်းအား သိမ်ပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *