Mandalay News

0 0
Read Time:2 Minute, 17 Second

တောင်သာမြို့အနောက်ဘက်ရှိ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ဂိတ်ရှိ ဘန်ကာနှင့် ခဲယမ်းဂိုဒေါင်တို့ကို မီးရှို့ဖျက်ဆီး(ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်ကိုအား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ဘန်ကာနှင့်ခဲယမ်းဂိုဒေါင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံ ရိုင်အမှတ် ၃ တပ်ရင်း ထံမှ သိရသည်။

 

မတ်လ ၁၃ ရက်နေ့က တောင်သာမြို့ အနောက်ဘက် အထွက်ရှိ အင်အား ၁၅ ဦဂခန့်ဖြင့် တပ်စွဲ ထားသော ဇဂျမ်းဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းဂတ်အားစတင်စီးနင်းချိန်၌ RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး လဲ ကျသေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇဂျမ်းဂိတ်ရှိ ဘန်ကာများ အနက် ၃ လုံးနှင့် ခဲယမ်းထည့်ထားသော ကြက်သွန်ဂိုထောင်တို့ ကို မီးရှို့ဖျက်စီးခဲ့ရာ ခဲယမ်းများပေါက်ကွဲ၍ စစ်ကောင်စီတပ်သားများ ထိခိုက်မှန် သေဆုံးမှုရှိကြောင်း သိရသည်။

 

စခန်းတိုက်ခိုက်ခံရပြီး အထိသောကြောင့် တောင်သာမြို့ပေါ်မှ စစ်သား အင်းအား အများအပြား စစ် ကူရောက်ရှိခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော် ၂ ဦး ၄၀ မမ နှင့် ခြေထောက်ထိမှန် ဒဏ်ရာရ (မစိုးရိမ်ရ)ခဲ့ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

မြင်းခြံခရိုင်အတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် မြင်းခြံ -တောင်သာလမ်းပိုင်း အား ယနေ့မတ်လ ၂၅ ရက်နေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *