Mandalay News

0 0
Read Time:2 Minute, 45 Second

စဉ့်ကူးမြို့နယ်၊ မာလဲနတ်တောင်ဆည်နှင့်ကျေးရွာ ၃ ရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အအုံအများအပြား ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၅

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင်ဆည်နှင့်ကျေးရွာ ၃ ရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက သတင်းထုတ်ပြန် သည်။

 

ယမန်နေ့ မတ်လ ၂၄ ရက် ည ၈ နာရီခွဲ ၉ နာရီခွဲ အထိ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင် ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ ၅ စီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အဦးများစွာ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ကံတောင်ရွာက ကွက်မထဲပေါ့၊ နောဒီယာထူးကုမ္ပဏီဘက်မှာကျဲသွားတယ်။ ဇိုက်ချောင်းမှာက ရွာ ထဲကို ကျဲသွားတယ်။ ထောက်ကြံ့ပင်လည်းရွာထဲကို ကျဲသွားတယ်။ ဗုံးကြဲတဲ့အချိန် အလုံး ၂၀ ကျော် ပေါက်ကွဲမှုဖြစ်တယ်။ မပေါက်ကွဲသေးတာက ၅ လုံးလောက်တော့ကျန်အုံးမယ်။ ရှာမတွေ့သေးတဲ့ အလုံးတွေလည်း ရှိပါသေးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ဒေသနေပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတ လုပ်ငန်းအချို့ အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း မပေါက်ကွဲခဲ့သည့် လေ ယာဉ်ဗုံးအချို့ ကျန်ရှိခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြည်သူများဘေး အန္တရာယ် စေရန် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဇိုက်ချောင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ ကံတောင်ကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်နှင့် ထောက်ကြံ့ပင်ကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ယင်းကျေးရွာ ၃ ရွာသည် တဆက်တည်း တည်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *