Magway News

0 0
Read Time:1 Minute, 55 Second

ရေစကြိုမြို့နယ်၊ ရှင်မတောင်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ပြန်ဆုတ်ပြေး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်စခန်းသို့ ရိက္ခာပို့လာသည့် စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး နောက်ပြန်ဆုတ်ပြေးသွားကြောင်း ဗမာ့ဒေါင်းတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၁၆ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ ရေစကြိုမြို့နယ် ၊ ရှင်မတောင်စစ်တပ်စခန်းသို့ ရိက္ခာပို့ ရန် ထွက်လာသည့်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗမာ့ဒေါင်း RC Plane တပ်ဖွဲ့ (မြိုင်မြို့နယ် ပ.က.ဖ) ၊ မှ ပခုက္ကူခရိုင် တပ်ရင်း ၃ နှင့် အတူ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ သေချာပေါက်ရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်ခံတပ်ဖွဲ့တွေက စခစစ်ကြောင်းရှိတယ်၊ ဆော်မလားမေးလို့ ဆော်ရုံပဲဆိုပြီး သွားဆော်ကြတာဗျ။ ကျနော်တို့အဖွဲ့က ပစ္စည်းလိုအပ်ချက်ရှိသွားလို့ ၃ ရက်ပဲ ဆော်ပြီး ပြန်ဆုတ်လာခဲ့ရတာ၊ နောက်ဆက်တွဲသတင်းတော့ မသိရဘူး။ ဆက်သွယ်ကြည့်ဖို့လည်း အဲဒီဘက်က ဖုန်းလိုင်းမကောင်းလို့ မဆက်သွယ်ဖြစ်ဘူး” ဟု ဗမာ့ဒေါင်းတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားသောကြောင့် ရှင်မတောင်စခန်းအထိ မရောက်ပဲ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *