မင်းကွန်းဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၇ ဦးသေဆုံး၊ တပ်မ ၃၃ ဒုတပ်မမှူးအပါအဝင် အများအပြားဒဏ်ရာရ
သံလွင်မြန်မာသတင်း
မတ်လ ၂၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၇ ဦးသေဆုံးကာ တပ်မ ၃၃ ဒုတပ်မမှူး ဗို-လ်-မှူး-ကြီ-း ဇင်-မျိုး-ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိထားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၁ ရက်နေ့မှစ၍ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ရင်ဆိုင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၇ ဦး ခန့် သေဆုံးကာ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ဒုတပ်မမှူး ဗို-လ်-မှူ-းကြီး – ဇ-င်-မျို-း-ဦ-းအပါ အဝင် အများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ဇင်မျိုးဦး၏ ဖုန်းကို သိမ်းဆည်းရရှိထားပြီး ဖုန်းအတွင်းမှ တပ်မ ၃၃ အတွင်းနေ ထိုင်သော အခြားရာထူးအဆင့်ရှိသူတစ်ဦး၏ ကျောင်းနေ အရွယ်မိန်းကလေးတစ်ဦးနှင့် လှုမှုရေး ဖောက်ပြန်ထားသည့် အချက်အလက်များလည်း အတိအကျရရှိထားကြောင်း အသိပေးထားသည်။
ထို့အပြင် အခြားအရေးကြီး အချက်အလက်များလည်း ရရှိထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန် နေ ဆဲဖြစ်၍ လုံခြုံရေးအခြေအနေအရ ထုတ် ပြန်နိုင်ခြင်းမရှိသေးဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ ထွေလီကာလီ Attacking and Production ၊ Acid LPDF (ဝက်လက်) ၊ စစ်ကိုင်း PDF ၊ မင်းကွန်း PDF ၊ တောတွင်းတွတ်ပီ LPDF ၊ People Servant Force ၊ Phoenix Sgg ၊ Royal Falcon Guerrilla Force ၊ အင်းသားလေး လက်နက်ကြီး တပ်ဖွဲ့ နှင့် Golden Triangle တို့ ပူပေါင်းကာ တိုက်ခိုက်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။
Thanlwin Myanmar Media