Bago News

0 0
Read Time:2 Minute, 30 Second

အုတ်တွင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးမီးလောင်ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၄

 

ပဲခူးတိုင်း၊တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးမီးလောင်ပြာကျခဲ့ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

မတ်လ ၂၂ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့၌ အထိုင်ချ တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများက ရည်ရွယ်ချက်ရှိရှိ ကျေးရွာ တစ်ရွာ အတွင်းသို့လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချခြင်းတို့ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၇ လုံးလည်း မီး လောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေး တပ်ဖွဲ့များကလည်း တိုက်ပွဲဖော်ဆောင်ခြင်းမရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ မိဘပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန်နှင့် စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းက အသိပေးထားသည်။

 

“အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှ လာရောက်တပ်စွဲထားတဲ့ စခတွေပါ။ မိဘပြည်သူတွေ အနေနဲ့ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားဖို့ ၊ စကစနဲ့ ဝေးဝေးရှောင်နေဖို့ တိုက်တွန်းချင်ပါ တယ်။ ပြီး‌တော့ တတ်နိုင်သမျှ သတင်းတွေ ဖတ်ပါ၊ ကိုယ်နဲ့မသက်ဆိုင်ဘူးဆိုပြီး ဖြစ်သလိုနေရင် မ‌ ကောင်းပါဘူး” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *