CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဒေါက်တာမြစိုး အောင်နှင့်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့သည်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်စစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချ
သံလွင်မြန်မာသတင်း
မတ်လ ၂၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ပြည်သူများကို ကျန်း မာရေးစောင့်ရှောက်ပေးနေသည့် ဒေါက်တာမြစိုးအောင်နှင့်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး ခဲ့သည်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်စစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း NUG အစိုး ရ က ထုတ်ပြန်သည်။
မတ်လ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်း၌ ဒေါက်တာမြစိုး အောင်သည် ဆေးခန်းလာ လူနာများအား ဆေးကုသမှု ဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီ သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆေးခန်းအား လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါက်တာမြစိုးအောင် (အသက် ၄၀ နှစ်)၊ လေးလသားအရွယ် ကိုယ် ဝန်လွယ်ထားသည့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ (အသက် ၃၉ နှစ်)၊ သား ဖြစ်သူ (အသက် ၅ နှစ်) အပါအဝင် လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် (၅) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆေးခန်းလည်း မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ ကြောင်း သိရသည်။
ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ် ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်း သူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေးဝန် ထမ်း များအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပြီး သေဆုံးခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ထားသည်။
အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များကို ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး သေဆုံးထိခိုက်ခဲ့ရသည့် ကျန်း မာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ် ကြောင်း အသိပေးသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်း ထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။
ကျန်မာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အ တွက် အသက်၊ ခန္ဓာနှင့် ဘဝများ ပုံအပ်၍ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့်၊ တိုက်ပွဲဝင် လျက်ရှိကြသည့် အာဇာနည်သူရဲကောင်းများအား တိုင်တည်၍ ကတိသစ္စာပြုအပ်ပါကြောင်း ထုတ် ပြန်ထားသည်။
Thanlwin Myanmar Media