Mandalay News

0 0
Read Time:1 Minute, 52 Second

ပြည်သူပိုင် ယာခင်းများကို မီးလိုက်ရှို့နေသည့် ပျူများကို မိုင်းခွဲတိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၂

 

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်တွင် ပြည်သူပိုင်ယာခင်းများကို မီးလိုက်ရှို့နေသည့် ပျူများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

 

ယမန်နေ့မတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာမှ အင်အား ၄၀ ခန့်ဖြင့် ခြေ လျင်ထွက်လာပြီး ဆုံရွာအရှေ့ဘက်ရှိ ပြည်သူပိုင်ယာခင်းများကို မီးလိုက်ရှို့နေသည့် ပျူများကို ပဒေ သာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၆ လုံးစလုံး အောင်မြင်စွာပေါက်ကွဲခဲ့ပြီး ပျူ ၁ ဦးသေ ဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးဒဏ်ရာရတဲ့သူတွေကို ရွာထဲပြန်သယ်သွားတယ်၊ ဒဏ်ရာရတဲ့ ၂ ဦးကိုတော့ ဆီမီးခုံဆိပ် ကမ်းကနေ ရေကြောင်းအတိုင်းသယ်သွားပြီး ဆေးကုသနေတယ်လို့ သတင်းရထားပါတယ်” ရွှေဂျိုး ဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGN) ၊ AungSan’s Blood Civilians Defense Force (ABCDF) နှင့် မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့ (MNGF) တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *