၄ နှစ်တာကာလအတွင်း စစ်ကြောင်းစီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်းပေါင်း ၃၆၅ ခုပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းပေါင်း ၁၃၇ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၂
အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းခံရမှု ၄ နှစ်ပြည့်ချိန်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်းပေါင်း ၃၆၅ ခု ထိခိုက် ပျက်စီးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၃၇ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၄ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း ၃၆၅ ခု ထိ ခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၃၇ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန် သည်။
အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ ၄ နှစ်တာကာလ အတွင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ် ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း အသိပေးထား သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေး ဝန် ထမ်းများ၊ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲ ဝမ်းနည်းရ ကြောင်း ထုတ်ပြန်ထားသည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဆက်လက်ပြောဆိုထားသည်။
ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှ တမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါ များ ကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထား သည်။
လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအား ပေး နေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် NUG ကျန်းမာရေး ဝန်ကြီး ဌာနက အလေးအနက် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိ ရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေး ရန် အထူးလိုအပ်လျက်ရှိကြောင်း ဆက်လက်တောင်းဆိုထားသည်။
ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media