ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ၃ ဦးအပေါ် ဖမ်းဝရမ်းများလျှောက်ထားမှုကို အလျှင်အမြန် လုပ်ဆောင်ရန်နှင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကိုJustice For Myanmar က ဆက်လက် တောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၂၂
ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ၃ ဦးအပေါ် ဖမ်းဝရမ်းများလျှောက်ထားမှုကို အလျှင်အမြန် လုပ်ဆောင်ရန်နှင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကိုJustice For Myanmar က ဆက်လက် တောင်းဆိုလိုက် သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံကို ဖြတ်လမ်းအဖြစ် အသုံးပြု၍ အိန္ဒိယနိုင်ငံသားများအား မြဝတီရှိ ဟန်ရှန်း ကာစီနိုရုံသို့ လူကုန်ကူးရာတွင် ပါဝင်ပတ်သက်မှုစွဲချက်ဖြင့် ကရင်နယ်ခြားစောင့် တပ် ခေါင်းဆောင် ၃ ဦးအပေါ် ဖမ်းဝရမ်းထုတ်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က တောင်းခံခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ စောချစ်သူ၏ လက်မှတ်ပါဝင်သော ငွေလိမ်ဂိုဏ်းတစ်ခုထံ မြေ နေရာအဆောက်အဦ ငှားရမ်းစာချုပ် တစ်ရပ်ကို DSI က ရရှိထားသည်ဟု သိရပြီး ယခုသုတေသန ရေးသားနေသည့် အချိန်အထိ မည်သည့်ဆုံးဖြတ်ချက်မျှ ပြုလုပ်ခဲ့ခြင်းမရှိသေးဟု ဆိုသည်။
အစိုးရရှေ့နေများက DSI အား အထောက်အထား များ ပိုမိုပြည့်စုံအောင် စုဆောင်းရန် ညွှန်ကြားထား သည်ဟု သတင်းများက ဖော်ပြခဲ့ပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Phumtham Wechayachai က ဝရမ်းထုတ် ပေးပြီးပါက ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ဝရမ်းပါသူ မှန်သမျှကို ဖမ်းဆီးမည်ဖြစ်ကြောင်း မီဒီယာများ သို့ ပြောကြားထားကြောင်း သိရသည်။
ဖိအားများနှင့် ရင်ဆိုင်လာရသည့် ကရင်နယ်ခြားစောင့်တပ်သည် ၎င်းတို့အနေဖြင့် မည်သည့် တရားမဝင် လုပ်ငန်းများနှင့်မှ ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ၎င်းသည် မြေယာငှားရမ်းသူ သပ်သပ်သာဖြစ်ကြောင်း၊ အချို့ငှားသူများသည် မသမာမှုများနှင့် လူကုန်ကူးမှုများတွင် ပါဝင် ပတ်သက်ခဲ့သည်ကို သိရှိခဲ့ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်တစ်ရက်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့က လူ ၆၁ ဦးအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထိုသူများသည် KK Park နှင့် ရွှေကုက္ကိုလ် (ရထိုက်မြို့ သစ်ဟုလည်းခေါ်) ငွေလိမ်ခြံကြီးများမှ လွှတ်ပေးလိုက်သူများဖြစ်ကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ်သည် ရထိုက်နှင့် KK ငွေလိမ်ဇုံကြီးများကိုလည်း စစ်ဆေးခဲ့ပြီး ငွေလိမ်ခြံ ကြီးများမှ ရွှေ့ပြောင်းလိုက်ကြောင်း၊ ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပို့ဆောင်သူ လူထောင်ပေါင်းများ စွာရှိပြီ ဖြစ်ပြီး ပို့ဆောင်ခံရသူများက ငွေလိမ်ခြံကြီးများအတွင်း နှိပ်စက်မှုများမှ ရရှိခဲ့သည့် ဒဏ်ရာ များနှင့် အနာရွတ်များအား သတင်းမီဒီယာများသို့ ပြသခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖြတ်တောက်ရုံဖြင့် မြဝတီရှိ ရာဇဝတ်စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက်လုပ်ဆောင်မှု၊ တိုးချဲ့မှုအား ရပ်တန့်ရန်မှာ မလုံလောက်ကြောင်း၊ စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာဓါတ်အား လိုင်းမှ ဓါတ်အားထောက်ပံမှုသည် ၎င်းတို့အား ဖေးမ ပေးခဲ့ပြီး၊ ထိုင်းနိုင်ငံမှ ရရှိသည့် လောင်စာဆီ သည် လျှပ်စစ်မီးများ ဆက်လက်ရရှိအောင် မီးအားပေးစက်များကို အသုံးပြုနိုင်ကြောင်း JFM က ထောက်ပြထားသည်။
ထိုင်းနိုင်ငံ၏ အလုံးစုံကန့်သတ်မှုများကို တိုးချဲ့လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ပြဿနာ၏ ရင်းမြစ် များဖြစ် သည့် ဒေသတစ်ခုလုံးကို ငွေလိမ်လုပ်ငန်းဗဟိုချက်အဖြစ် ပြောင်းလဲခဲ့ကြသည့် မြန်မာစစ်အုပ်စု၊ ၎င်း ၏ ပြည်သူ့စစ်များ၊ ရာဇဝတ်အဖွဲ့အစည်းများ၊ ယင်းလုပ်ငန်းများ တိုးပွားအောင်သာမက အကျိုး အမြတ် များ ရှာဖွေခဲ့ကြသည့် ထိုင်းစီးပွားရေးလုပ်ငန်းများ၊ အကျင့်ပျက်ထိုင်းအရာရှိများအား ပစ် မှတ်ထားရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။
ထို့ကြောင့် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ၃ ဦးအပေါ် ဖမ်းဝရမ်းများလျှောက်ထားမှုကို အလျှင်အမြန် လုပ်ဆောင်ရန်နှင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကိုJustice For Myanmar က ဆက်လက် တောင်းဆိုထားသည်။
Thanlwin Myanmar Media