ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ကွမ်ကျိုက်ရွာ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက် မှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၇ ရက်နေ့က ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ကွမ်ကျိုက်ကျေးရွာအနီးတွင်တပ်စွဲထားသော စစ်ကောင်စီ ၏ စခန်းကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်များမှာ စစ်ကောင်စီတပ်သားများ နေထိုင်ရာကို ကျ ရောက်ပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ ၊ ရေးပြောက်ကျားတပ် (YGF) ၊ ရာမညစစ် ကြောင်း နှင့် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media