Tanintharyi News

0 0
Read Time:1 Minute, 29 Second

တနင်္သာရီမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ဗိုလ် ၁ ဦးပါ ၂ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။

 

မတ်လ ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က တနင်္သာရီမြို့မှ သိန်ခွန်းရွာဘက်သို့ ဦးတည်၍ ထွက်လာ လာသည် စစ်ယာဉ်တန်းအနက်မှ ရှေ့ပြေးကာကင်း ခြေလျင်စစ်ကြောင်းကို ကမ္မလိုင်းရွာအနီး လမ်းမ ပေါ်တွင် မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦးနှင့် ဒုတက ၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *