စစ်ကောင်စီအား ILO ဥပဒေပုဒ်မ ၃၃ အရ အရေးယူမည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် – CTUM ကြိုဆို
သံလွင်မြန်မာသတင်း
မတ်လ ၂၁
အကြမ်းဖက်စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဥပဒေပုဒ်မ ၃၃ အရ အရေးယူမည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား များ အဖွဲ့ချုပ် – CTUM ကထုတ်ပြန်သည်။
မတ်လ ၁၀ ရက် နေ့ကမှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အ ပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body – GB) အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီအား ILO ဥပဒေပုဒ်မ ၃၃ အရ ရေးယူရန် ဆုံးဖြတ်ချက် (GB.353/INS212(Rev.2) ကိုချမှတ်ခဲ့ကြောင်း သိရသည်။
ယင်း (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး သည် အလုပ်သမားအစုအဖွဲ့ (Workers’ Group) ၏ ဒုတိယကိုယ်စားလှယ် (Deputy member) ဖြစ် ၍ အုပ်ချုပ်ရေး အဖွဲ့ (GB) အစည်းအဝေးတွင် တိုက်ရိုက်ပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဒေါ်ခိုင်ဇာအောင် သည်လည်း ITUC ၏ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရသည်။
အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးသို့ တင်ပြဆွေးနွေးရာတွင် သက်သေအထောက်အထားများ ပြသ၍ ဆွေးနွေးနိုင်ရန် အစီရင်ခံစာများ ပြင်ဆင်ပေးခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သုံးပွင့်ဆိုင်ယန္တရားတွင်ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employers Federation – MEF)၊ မြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ (Myanmar Employer Organization – MEO)၊ အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association-OIA)၊ မြန်မာနိုင်ငံ အ လုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA)၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement – CDM) နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ တော်လှန်ရေး အင်အားစုများ၊ မြေပြင်သပိတ် အင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု၏ မတရားနည်းမျိုးစုံဖြင့် ဖိအားပေး ခံရမည်ကို မကြောက် မရွံ့ သက်သေထွက်ဆိုပေးသည့် ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း အသိ ပေးထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအာဏာကို မတရား သဖြင့် သိမ်းယူခဲ့ပြီး ပြည်သူလူထုများ၏ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့် အလုပ် သမား အခွင့်အရေးများ အပါအဝင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာပြဌာန်းချက်အမှတ် (၈၇)နှင့် အဓမ္မ လုပ်အားခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉) တို့ကို ချိုးဖောက် ခဲ့ခြင်းအတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာ အလုပ်သမားရေးရာညီလာခံမှစ၍ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်မပြုခဲ့ပေ။
ILO သည် အကြမ်းဖက်စစ်အုပ်စုကို ယခုအချိန်အထိ မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြု ထား ခြင်းမရှိသည့်အပြင် နည်းပညာ၊ ငွေကြေး ကူညီပံ့ပိုးပေးမှုများကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်လတွင် ILO ၏ ပြဌာန်းချက် အမှတ် (၈၇) နှင့် (၂၉) တို့အား လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရန်အတွက် ဆုံးဖြတ်ချက် (ILC.109/Resolution II) ကို ချမှတ်ခဲ့ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံမှ ILO ၏ ဥပဒေပညာရှင်များ (Legal Expects) ပါသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – COI) ဖွဲ့စည်း၍ အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများကို စုံစမ်းစစ် ဆေးရန် အတွက် ဆုံးဖြတ်ချက် (GB.345/INS/5/2(Add.1) ကို ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) သည် မြန်မာနိုင်ငံမှ ချိုးဖောက်ကျူးလွန်ခံရသူ များ အား စုံစမ်းစစ်ဆေးမေးမြန်းခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆက်လက်ချိုးဖောက်မှုများ အား အစီရင်ခံစာ ထုတ်ပြန်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို အကြံပြုချက် (Recommen-dations) များအဖြစ် ထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အုပ်ချုပ်ရေးအဖွဲ့ (GB) သည် မြန်မာနိုင်ငံနှင့် ပါတ်သက်၍ အကြမ်းဖက်စစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများအပါအဝင် လွတ်လပ်စွာ အသင်း အပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ်(၈၇)နှင့် အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး ဆိုင်ရာ ပြဌာန်းချက် အမှတ် (၂၉) တို့ကို ထင်ရှားစွာချိုးဖောက်နေသည့်အတွက် ILO ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပုဒ်မ (၃၃) (ILO Constitution Article 33) အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချ မှတ်ခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် စစ်အုပ်စု အား Article – 33 အရ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို ILO အတွင်း အကြိတ်အနယ်ဆွေးနွေး၍ ပူးတွဲပါအတိုင်း အုပ်ချုပ်ရေး အဖွဲ့ (Governing Body – GB) မှ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(ILO) နှင့် ILO အုပ်ချုပ်ရေးအဖွဲ့ (GB) ၏ အစိုးရ-အလုပ်ရှင်-အလုပ်သမားကိုယ်စား လှယ် များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (International Confederation of Trade Unions ITUC)၊ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများကောင်စီ (Council of Global Unions – CGU) နှင့် ပါဝင်ဆောင်ရွက်သူများ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားသည်။
ဤကဲ့သို့ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) Article 33 အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ် ချက် ချမှတ်နိုင်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကမ်ပိန်း “လူထုလှုပ်ရှားမှု”များတွင် ပါဝင်ဆောင်ရွက် ပေး ခဲ့ကြသည့် ပြည်တွင်းပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံတောင်သူလယ်သမားနှင့် အလုပ် သမား ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အင်အားစုများ၊ သပိတ်စစ်ကြောင်း များနှင့် လူပုဂ္ဂိုလ်များ၊ ရဲဘော်ရဲဘက်များအား အထူးကျေးဇူးတင်ရှိပါကြောင်း ဆက်လက် ပြောဆို ထားသည်။
အထူးသဖြင့် Article 33 လှုပ်ရှားမှုတွင် ပါဝင်ပေးခဲ့ကြသော တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြေပြင်သပိတ်အင်အားစုများ၊ သပိတ်စစ်ကြောင်း များ၏ ခက်ခဲကြမ်းတမ်း သည့် အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စု၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ ဖိနှိပ်သည့်ကြားမှ ကြံ့ကြံ့ခံရင်ဆိုင်ကာ ပါဝင် ပေးခဲ့မှုအား ကျေးဇူးတင်ရှိပါကြောင်းနှင့် လေးစားဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း အသိပေးထား သည်။
CTUM သည် အလုပ်သမားအခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့် ပြည်သူလူထုများအား နည်း မျိုးစုံဖြင့် မတရားသဖြင့် ဖိနှိပ်ညှင်းပန်း၊ ဖမ်းဆီးနှိပ်စက်၊ သတ်မြတ်နေသည့် အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးနှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တို့အတွက် အကြမ်းမဖက်သော နည်းလမ်း မျိုးစုံဖြင့် ဆက်လက်ဖိအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူလုထုများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီများ (UN agencies) ထဲမှ လက်တွေ့အရေးယူ ဆောင်ရွက်မှုယန္တရား (Enforcement Mechanism) ရှိသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှတဆင့် အရေး ယူဆောင်ရွက်ရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ကြိုဆိုဖိတ်ခေါ်ထားသည်။
သို့ဖြစ်ပါ၍ လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) သို့ အကြမ်းဖက်စစ် အုပ်စု၏ ချိုးဖောက်မှုများအား အစီရင်ခံတင်ပြနိုင်ရန်အတွက်လည်းကောင်း၊ ILO ညီလာခံတွင် အ ကြမ်းဖက်စစ်အုပ်စု အား အရေးယူမည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် တောင်းဆိုသည့် လှုပ်ရှားမှု များတွင်လည်းကောင်း၊ အားလုံး အတူတကွလက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဆက် လက် တိုက်တွန်းထားသည်။
Thanlwin Myanmar Media