Sagaing News

0 0
Read Time:4 Minute, 3 Second

မြောင်မြို့မှ ပြန်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၁၇ ဦးသေဆုံးပြီး ၇ ဦးရှင်မိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့မှ ပြန်လာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးပြီး ၇ ဦးအရှင်မိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့က ယနေ့မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ က ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ စစ်ကောင်စီ တပ်သား အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန် မြောင်မြို့နယ်မှအပြန် လမ်းခုလတ် တစ်နေရာ အရောက် စစ် ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF နှင့် အတူ မဟာမိတ်တပ်ပေါင်းစုများမှ ခြုံခို စောင့်ဆိုင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များ၊ Fixed Wings Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Su-30 တိုက်ခို-က်ရေး ယာဥ်ဖြင့် Rocket ၂ လုံးပစ်ချခဲ့ကာ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် Rocket ၄ လုံး ပစ်ချခဲ့သည့်အပြင် ပွိင့် 5 ဖြင့် ပါ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ၊အလားတူ ရေစကြိုမြို့ ထုတ်နှုတ်တပ် အထွေထွေရုံးမှ ဟောင်ဝှစ်ဇာ လက်နက် ကြီးဖြင့်လည်း လက်နက်ကြီး ဖြင့်လည်း ပစ်ကူပစ်ပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာ များ အများအပြားရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦး အနက် ၇ ဦး ထပ်မံသေဆုံးခဲ့ရာ စုစု ပေါင်း သေဆုံးသူ ၁၇ ဦးရှိပြီး စစ်သုံ့ပန်းအဖြစ် ၇ ဦး ဖမ်းမိခဲ့ကြောင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှလည်း ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော ၆၀ မမ စိန်ပြောင်းတစ်လက် ၊ MA10 တစ်လက် ၊ MA3 တစ်လက် ၊ G3 တစ်လက် ၊ Drone တစ်စီး သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများရှိသော်လည်း ထိခိုက်မှု အနည်းဆုံးဖြင့် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်လည်း မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ် ကျွန်းခုံပေါ်သို့ ရောက်ရှိလာသော စစ်သားများကို မဟာမိတ်တပ်ပေါင်းစုများမှ လက်နက်ကြီးများဖြင့်လိုက်ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်များ ဖရိုဖရဲဖြစ်ကာ နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF နှင့်အတူ ကျေးရွာတပ် ပေါင်းစု (Myaung) ၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း ၊ စစ်ကိုင်းခရိုင် Drone တပ်ရင်း ၊ စစ်ကိုင်း ခရိုင်အ မှတ် (၁) တပ်ရင်း ၊ စစ်ကိုင်းခရိုင်အမှတ် (၅) တပ်ရင်း ၊ 9Brothers ၊ 11Brothers ၊ CDSOM ၊ သွေး သောက်(ရေစကြို) ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ ၊ RBDF ၊ Black Tiger ၊ ဒေါင်းညီနောင် ၊ ဇုန် ၆ ဇုန် ၊ ဦးမန်း ဦးဆောင်သည့်ဒရုန်းအဖွဲ့၊ တလုပ်PDF ၊ Wolf Brothers ၊ MRF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *