ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသူ ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ် ၄ လုံးမီးလောင်မှုအပါအဝင် အလုံး ၅၀ ကျော်ပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၂၀
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး နေအိမ် ၄ လုံးမီးလောင်မှုအပါအဝင် အ လုံး ၅၀ ကျော်ပျက်စီးခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။
ယနေ့မတ်လ ၂၀ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ထီးလင်းမြို့နယ် ၊ အလယ်ဘန်းရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူသက်ကြီးရွယ်အို အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး နှင့် ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးကြောင်း၊ ထို့အပြင် ထိ ခိုက် ဒဏ်ရာရသူများလည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
အလားတူ နေအိမ် ၄ လုံး မီးလောင်ကာ ၁၂ လုံးမှာ အလုံးစုံပျက်စီးခဲ့ပြီး ၄၀ ကျော် အမိုးပွင့် ထောင် ကာများ ပျက်စီးခဲ့ကြောင်း၊ နွား၊ ဝက် တိရိစ္ဆာန် ၁၀ ကောင်ကျော်သေဆုံးကာ အကောင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယောဒေသ အတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် အပြင်းအထန် ချေမှုန်းတိုက်ခိုက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် လေ ကြောင်း အန္တရာယ် ကင်းဝေးနိုင်သော နေ ရာ နှင့် ပုန်းခိုကျင်းထဲ သို့မဟုတ် အနီးတွင်သာ အိပ်စက်ကြပါရန် ထီးလင်း ပကဖ က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media