စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်ဘုရားနှင့် စဉ့်ကိုင်(တောင်)ရွာရှိ ဘုရားတို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဘုရားစေတီပုထိုးများပျက်စီး ပြည်သူ ၂ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မတ်လ ၂၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်ဘုရားနှင့် စဉ့်ကိုင် (တောင်)ရွာရှိ ဘုရား စေတီပုထိုးတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီများပျက်စီးပြီး ပြည် သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice of Mandalay နှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့မတ်လ ၂၀ ရက် နံနက် ၉ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်ရှိ စဉ့်ကိုင် တောင်ရွာ ဘုရားဝန်းအတွင်းသို့ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၁၀၀ ဟု ယူဆရသော ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းဆောင်တစ်ခုပျက်စီးသွားပြီး ပြည်သူ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရှိသွားကြောင်းသိရသည်။
အလားတူ ယမန်နေ့ မတ်လ ၁၉ ရက် ည ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်း တန်ဘုရားပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားတန် ဆောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“စဉ့်ကိုင်မှာက ပြည်သူ ၂ ဦးထိတယ်၊ ဘုရားပေါ်က ကျောင်းဆောင်တွေ ပျက်စီးတယ်။ မင်းကွန်း၊ မြသိန်းတန်ဘုရားပေါ်က ည ၁၁ နာရီလောက်ချသွားတာ၊ အရင်ကတော့ သူတို့ (စခ) တွေတပ်စွဲ ထားတယ်။ အခုတော့ မရှိတော့ဘူး။ ဘာမှမဆိုင်တဲ့ မဆိုင်တဲ့ ဘုရားပေါ်ချနေတာ၊ ဘာသာရေး အဆောက်အအုံနေရာတွေကို တမင်ပစ်မှတ်ထားပြီး ဗုံးကျဲနေတာ၊ ဘုရားပေါ်မှာ တပ်စွဲတာလည်း သူတို့ပဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတယ်မသိဘူး။ ထိတာ လည်း ပြည်သူတွေပဲထိတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
Thanlwin Myanmar Media