Nay Pyi Taw News

0 0
Read Time:4 Minute, 43 Second

ပျဉ်းမနား စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား သတ်ဖြတ်သူအားလုံးကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင် သာစွာချပြမည်ဟု ကယန်းပြည်သစ်တပ်မတော် ကတိပြု

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အား သတ်ဖြတ် သူအားလုံးကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာ ချပြပေးမည်ပေးမည်ဖြစ်ကြောင်း ကယန် ပြည်သစ်တပ်မတော်က ကတိပြုခဲ့သည်ဟု နေပြည်တော်စစ်တိုင်းဌာနက ထုတ်ပြန်သည်။

 

မတ်လ ၁၈ ရက်နေ့က ရဲဘော်ကိုစိုင်း ဖြစ်စဉ်နှင့်ပက်သက်၍ မဟာမိတ်ညီနောင်အဖွဲ့အစည်းများ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ တာဝန်ရှိသူများအနေဖြင့် ကယန်း ပြည်သစ်တပ်မတော်ရုံးစိုက်ရာနယ်မြေသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Photo – ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသော ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း

 

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ကယန်းပြည်သစ်တပ်မတော်မှ ရဲဘော်ကိုစိုင်း ထံမှသိမ်းဆည်းခဲ့သော 9 mm Pistol တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် icom စကားပြောစက်တို့ကို နေပြည်တော်တိုင်း စစ်ဦးစီးအဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ကာ နှစ်ဖက်အဖွဲ့အစည်းများမှ တော်လှန်ရေးမဟာမိတ်ညီနောင် အဖွဲ့အစည်းများရှေ့တွင် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပြီးနောက် ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပါဝင်ပက်သက်ခဲ့ကြသည့် ပြစ်မှုနှင့် သက်ဆိုင်သော ကျူးလွန်သူများ အားလုံးကိုဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်းများ၊ မဟာ မိတ်တပ်ပေါင်းစုများရှေ့တွင် ကယန်းပြည်သစ်တပ်မတော်မှ ပွင့်လင်းမြင်သာစွာ ချပြပါမည် ကတိပြု ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်စစ်တိုင်းဌာနက အသိပေးထားသည်။

 

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက စုံစမ်းစစ်ဆေးမှုအရ ကယန်းပြည်သစ် တပ်မတော်မှ တပ်စုမှူးသည် စစ်မြေပြင်တွင်နယ်မြေဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိ၍ ကျဆုံးသဖြင့် အထူးဝမ်းနည်းရပါကြောင်း၊ ရှေ့ဆက်၍ အလားတူဖြစ်ရပ် များမဖြစ်ပေါ်စေရန် အောက်ခြေတပ်မှူးများအထိ ခိုင်မာသောယုံကြည်မှု ရှိစေရေး ဆောင်ရွက်ရန်၊ နောင်ကာလများတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများမှ လက်နက်အသုံးပြုပဋိပက္ခမဖြစ်ရေးကို အ ပြည့်အဝတာဝန်ယူ ကတိပြုရန် ၊ တော်လှန်ရေးအကျိုးစီးပွားကိုရှေးရှု၍ အသေးအဖွဲကိစ္စများမှအစ အလျှင်အမြန်ညှိနှိုင်းဆောင်ရွက်ကြပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ယုံကြည်မှု တည်ဆောက်ကြရန် သဘောတူညီ ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်း စစ်‌ကြောင်းမှူးရဲဘော်ကိုစိုင်း ဖြစ်စဉ် အ တွက် ပြစ်မှုကျူးလွန်သူများအား တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရေးနှင့် အရေးယူမှုပြီးဆုံးသည်အထိ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

 

မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်းဟန် နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ် (၆) မြို့နယ် ဒုတပ် မဟာမှူးဖိုးခွား မှ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ ကယန်းပြည်သစ်တပ်မတော် ရုံး စိုက်ရာနယ်မြေတစ်နေရာ၌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို၏ ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *