Yangon News

0 0
Read Time:1 Minute, 38 Second

အင်းစိန်မြို့နယ်၊ CID ရဲတပ်ဖွဲ့မှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ CID ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column က ထုတ်ပြန်သည်။

 

ယမန်နေ့မတ်လ ၁၉ ရက် ည ၈ နာရီ ၄ မိနစ်က အင်းစိန်မြို့၊ အောက်မင်္ဂလာဒုံလမ်းမဘေးရှိ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့မှူးရုံး – CID ဂိတ်ကို အဝေးထိန်းမိုင်းအကြီးစားဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်း‌ စောင့်နေသည့် ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး အင်းစိန်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Rangoon Urban Column – R.U.C စစ်ကြောင်းမှ မြို့ပြပြောက်ကျားရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ ဘေးအန္တရာယ်ကင်းစွာပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့ပြနေ မိဘပြည်သူများအနေဖြင့် နီးရာဓားကို ကြောက်မနေသင့်တော့ပဲ မြေပြင်သတင်း ပေးအင်အား ကောင်းစေရန်အတွက် မိမိ၏ အနီးအနားပတ်ဝန်းကျင်ရှိ ထူးခြားဖြစ်စဉ်များကို ပေးပို့ ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *