အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်လျက်ရှိပြီး အာစီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသော တိကျပြတ်သားသည့် လုပ်ဆောင်ချက်များ ချပြပေးရန် NUG တိုက်တွန်း
သံလွင်မြန်မာသတင်း
မတ်လ ၂၀
အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်လျက်ရှိပြီး အာစီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသော တိကျပြတ်သားသည့် လုပ်ဆောင်ချက်များ ချပြပေးရန် NUG အစိုးရက ယမန်နေ့ မတ် လ ၁၉ ရက်နေ့တွင် တိုက်တွန်းထားသည်။
နိုင်ငံတကာ၏အာရုံစိုက်မှုများသည် ယူကရိန်းအရေးအပေါ်၌သာ ဆက်ရှိနေရာ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာသောအကျပ်အတည်းကို ဦးဆောင်၍ ကိုင်တွယ်ဖြေရှင်းနိုင် မည့် အရေး ပါသည့် အခွင့်အလမ်းတစ်ရပ် ရှိနေပြီး အာဆီယံပဋိညာဉ်စာတမ်းမှ ပေးအပ်ထားသည့် လုပ် ပိုင်ခွင့် များအရ အာဆီယံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုး ကူညီ ရန်အ တွက် အဓိပ္ပါယ်ပြည့်ဝသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း အသိပေး ထားသည်။
မြန်မာပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ ကြီးမားလှသည့် ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေ ရသည်ဖြစ်ရာ တိကျပြတ်သားသည့်အရေးယူဆောင်ရွက်မှုများကို အရေးတကြီး လိုအပ် လျက်ရှိ သည် ဟုဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းအား မကြာသေးမီက လေကြောင်းတိုက် ခိုက်မှုနှင့် နိုင်ငံအနှံ့ကျေးရွာများကို ဖျက်ဆီးမှုများကဲ့သို့သော အကြမ်းဖက်စစ်အုပ်စု ၏ စစ်ရေးတိုက် ခိုက်မှုများကြောင့် ပြည်သူလူထုမှာ နေအိမ်များမှ အတင်းအကျပ် စွန့်ခွါထွက်ပြေး နေကြရပြီး စာသင် ကျောင်းနှင့် ဆေးရုံကဲ့သို့သော အရေးကြီးအဆောက်အဦများ ဖျက်ဆီးခံရကြရကာ အကြီးအကျယ် ဒုက္ခရောက်လျက်ရှိကြောင်း သိရသည်။
NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ၊ အကြမ်းဖက် စစ်အုပ်စုသည် အရပ်သား ပြည်သူ ဆိုင်ရာနေရာများအား လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းတိုက် ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာနေရာများအား မဆင်မခြင်တိုက်ခိုက်မှုနှင့် ကလေး သူငယ်များအား ထိခိုက်သေကျေစေမှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ကို ချိုးဖောက်နေရုံ သာမက ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင် နိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်များကို အာမခံပေးထားသည့် ကလေးသူငယ်များ အခွင့် အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်လျက်ရှိကြောင်း NUG ၊ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ဘာ သာရေးဆိုင်ရာနေရာများနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက် နေမှုများသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း၏ ဆိုးရွားလျက် ရှိသည့် အခြေအနေကို ဖော်ပြလျက်ရှိကြောင်း ဆက်လက် ပြောဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့် တက်နေပြီး အရေးကြီးသော အခြေခံအဆောက်အဦ များလည်း ပိုမိုပျက်စီးဆုံးရှုံးလာသည်ဖြစ်ရာ၊ မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် ခိုင်မာ အားကောင်းပြီး စည်းလုံးညီညွတ်သည့် နိုင်ငံ တကာ တုံ့ပြန်ဆောင်ရွက်ချက်များကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။
အာဆီယံအဖွဲ့အနေဖြင့် ယခုအချိန်တွင် ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာ ပြည်သူ လူထု၏ ဆန္ဒများနှင့်ကိုက်ညီသော မြန်မာပိုင်၊ မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ရန် တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည့် အခွင့်အ လမ်းများ ရှိနေသည်ဟု ဆိုသည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရှိစေရန် အတွက် တရားဝင်ဒီမိုကရေစီအင် အားစုများ ပြန်လည်ထူထောင်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်ပြီး တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ရဲရင့်ပြီး ထိရောက်သည့် ဆောင်ရွက်ချက် များကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် မလေးရှားနိုင်ငံ၏ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်တွင် အာဆီယံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိသည့် ကတိကဝတ်များကို ဆက်လက် စောင့်ထိန်းရန် တိုက်တွန်းထားသည်။
ယခုအချိန်အခါသည် မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်း၏ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဂုဏ် သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည့် ဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသား ဆောင် ရွက်ရမည့် အချိန်ဖြစ်ကြောင်း NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန က ဆက်လက်ပြောဆိုသည်။
Thanlwin Myanmar Media