Read Time:57 Second
ကဗျာကဏ္ဍ “ဒေါင်းကမယ့်ပွဲ”
ပျိုးကြဲလက်
နွေကန္တာ လေရူးတို့
တဟူးဟူး ဝှေ့ပြန်
ပင်ထက်က နီတာလန်
ဝေလက်ပံ ကြွေမြဲ ။
နွေနှမ လေပြေလာရင်
ရွှေမြေမှာ ဒေါင်းကမယ့်ပွဲ ။
ရင်လေးပါ့ ဖော်ဆွေရယ်
ပျော်နိုင်ပေ နွေထဲ ။
ဒေါင်းမှန်ရင် သတ္တိဇွဲနဲ့
သွေးရွှဲရွှဲ နွှဲပုံ ။
ရန်သူဆို စုံကြွ
ခုန်ဆွဆွ တအားခွပ်ကုန် ။
ခွပ်ဒေါင်းတို့ ကြုံဆုံရင်
နိုင်သူ့ဂုဏ် ရင်ကော့လို့
ဘဝင်ကြော့ အမောက်ထောင်
သတ္တိသွေးပြောင် ။
ပျော်ရွှင်ခိုက် က ယောင်ဆောင်တယ်
ရန်ပြိုအောင် ခွပ်နိုင်ငဲ့လေး ။
ဒေါင်းကဖို့ ပေါင်းစုဆောင်မယ်
ပြည်ကောင်းအောင် တည်ကြကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက် ည ၁၀ နာရီ ၂၂ မိနစ်
Thanlwin Myanmar Media