Mandalay News

0 0
Read Time:1 Minute, 40 Second

ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ နှင့် ၃၁၉ ကြားကင်းပတ်နေသော ရဲကားကို တိုက် ခိုက်မှု ရဲ ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၈ နှင့် ၃၁၉ ကြားတွင် ကင်းပတ်လာသော ရဲကားများကို တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force ထံမှ သိရသည်။

 

ယနေ့မတ်လ ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ မှ မွန်းတည့် ၁၂ နာရီအချိန်အထိ ရန်ကုန် -မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၃၁၈ နှင့် ၃၁၉ ကြားတွင် ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးဖြင့်ကင်းပတ် နေသော စစ်ကောင်စီတပ်သား ရဲများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ရဲ ၅ ဦးသေဆုံးသွားပြီး မိုင်တိုင် ၃၁၉ ရှိ ကင်းစခန်းမှ စစ်သားများနှင့်လည်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၁ဝ တပ်ရင်းနှင့် မြစ်သား (ပကဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Medai

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *