မုံရွာ -မန္တလေးလမ်းပေါ်တွင် ခြေလျင်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၉
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်တပ်ခြေလျင်စစ်ကြောင်းကို မိုင်း ဆွဲ၊ ဒရုန်းဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲထံမှ သိရသည်။
မတ်လ ၁၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ကောင်စီ တပ်စခန်းမှ အင်အား ၆၀ ခန့်ဖြင့်ထွက်လာသော စစ်ကြောင်း နှင့် ချောင်းဦးမြို့ အတွင်းမှ ထွက် ခွာလာသော အင် အား ၄၀ ခန့်ပါစစ်ကြောင်းတို့သည် မုံရွာ -မန်းလေး လမ်းမကြီးအတိုင်း ခြေလျင် ထွက်ခွာလာခဲ့ ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာသော စစ်ကြောင်း ၂ ကြောင်းအနက် ချောင်းဦးမြို့ အတွင်းမှ ထွက်လာသော စစ် တပ် စစ်ကြောင်းကို ချောင်းဦးမြို့ အရှေ့ဘက် ၂ မိုင် ခန့် နေရာအရောက်တွင် တော်လှန်ရေး ရဲဘော် များမှ မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထို့နောက် ယင်းစစ်ကြောင်းအား ချောင်းဦးမြို့ အရှေ့ဘက် ၂ မိုင် ခွဲ ခန့် နေရာ တနေရာ အရောက် တွင် စုရုံးနေကြစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ဖရိုဖရဲ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသော စစ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဖရိုဖရဲထွက်ပြေးနေသော စစ်သားများသည် နီးစပ်ရာ အဆောက် အုံတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေစဉ် ယင်းအဆောက်အအုံအား တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ RPG ၊ ၄၀ မမ များဖြင့် ထပ်မံပစ်သွင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားများသည်မုံရွာ – မန္တလေး ကားလမ်း ပေါ်တွင် သွားလာ နေကြသော ပြည်သူများ၏ ယာဉ်များ အားလုံးကို တားဆီး၍ ချောင်းဦးမြို့ အတွင်းသို့ ထွက် ပြေးသွားကြောင်း သိရသည်။
“စခ ၃ ဦးသေပြီး၊ ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် ပ.က.ဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ ၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် ပ.က.ဖ လက်ရုံး စစ်ကြောင်း) နှင့် Nway Oo Brothers Column တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media