ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူခေါင်းဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၉
ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူခေါင်းဆောင် နေအိမ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝေါမြို့နယ် ပကဖထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနားရှိ လက်ပန် ကျေးရွာ ပျူခေါင်းဆောင် အောင်ကြီး၏ နေအိမ်တွင် စစ်သား၊ ပျူစောထီးများ စုဝေးနေစဉ် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ပျူစော ထီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ မြစ်ကျိုးဆေးရုံမှ တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
“PDF တွေကို စိန်ခေါ်ထားတဲ့ ဝေါမြို့နယ် ၊လက်ပန်ရွာက ပျူစောထီး ခေါင်းဆောင်ရဲ့ နေအိမ် အပေါ် ဒရုန်း ဗုံးသီးချ တိုက်ခိုက်ခံရတာ၊ စစ်တောင်းမြစ်ဘေးမှာရွာတွေထဲမှာ သူ့ရွာက ပျူအင်အား အ တောင့်တင်းဆုံးပေါ့၊ စခ ၂ ဦးသေတယ်၊ ပျူ ၇ ဦးတော့ မြစ်ကျိုးအင်းဆေးရုံကနေ တောင်ငူဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်” ဝေါမြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဝေါမြို့နယ်၊စစ်တောင်းမြစ်ကမ်းနားရှိကျေးရွာများ တွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အား အတောင့်တင်းဆုံးရွာဖြစ်ပြီး ပျူစောထီး အင်အား ၃၀ ကျော်ရှိကြောင်း၊ ပျူစောထီး ခေါင်းဆောင် အောင်ကြီးသည် PDF ရဲဘော် များကို စိန်ခေါ်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။
Thanlwin Myanmar Media