ကျိုက်ထိုမြို့တွင် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီး ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေရ
သံလွင်မြန်မာသတင်း
မတ်လ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ဒရုန်း ၊လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးပြီး ပြည်သူများ ထိန်လန့် ကြောက်ရွံ့နေရကြောင်း KNU ဗဟိုက ထုတ်ပြန် ပြောဆိုသည်။
မတ်လ ၁ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်မှ ၂ နာရီ ၃၀ မိနစ် ဝန်းကျင်အထိ ကျိုက်ထို မြို့နယ် ပျဥ်းကတုံးကုန်းကျေးရွာအုပ်စု ပျဥ်းကတုံးကုန်း သုသာန်နှင့် ဧက(၁၀၀) ကျောက်မိုင်း နေရာများကို ကွာလီရေ ကန်ကုန်း၌ တပ်စွဲထားသော ခမရ ၂၀၇ မှစစ်ကောင်စီ တပ်သားများက ဒရုန်းဗုံးသီးဖြင့် ဗုံးသီး ၆ လုံး ကြဲချခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတုံးကုန်းအုပ်စု ၊ ပျဉ်းကတုံးကျေးရွာအတွင်းသို့ စစ် ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ၁၀ လုံး ၊ အ မှတ် ၄၄ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ရှိ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းမှ လက်နက်ကြီး ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး၊ သုသာန်အုပ်ဂူများနှင့် စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ် ခရဲကျေးနယ်အုပ်စု စစ်ကွင်းရွာ၊ မုက္ခမော့ရွာ၊ သုံးခွရွာ အနောက် ဘက်ခြမ်းတွင် အရပ်သားပြည်သူများ စိုက်ပျိုးထားသည့် ပျိုးပင်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးအမြောက်အများပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများထိခိုက်မှုရှိပြီး အရပ်သားပြည် သူများ၏ လုပ်ငန်းခွင်ထဲတွင် စိုက်ပျိုးပင်အများအပြား ထိခိုက်ပျက်စီးမှုများ အများအပြားဖြစ်ခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူများအား ထိန့်လန့်ကြောက်ရွံ့လျက်ရှိ ကြောင်း သိရသည်။
Photo – စစ်ကောင်စီမှ လေကြောင့်နှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် လုပ်ငန်းခွင် ထိခိုက်သည့် မှတ်တမ်းများ။
Thanlwin Myanmar Media