Tanintharyi News

0 0
Read Time:2 Minute, 16 Second

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံး၊ လက်နက် ၁ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်း က ထုတ်ပြန်သည်။

 

မတ်လ ၁၃ ရက်၊ နံနက် ၇ နာရီဝန်းကျင်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်း ကုန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၆ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ် သား ၁၂ ဦးသေဆုံးကာ  MA 3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံး နှင့် ဆက်စပ်ပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦး ဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ ၊ သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်း ထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သောစစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံ ခိုလှုံ၍ ပူးပေါင်းပေးကြပါရန် ဆက်လက်တိုက်တွန်းဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *