Pyi News

0 0
Read Time:2 Minute, 8 Second

ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ တွင် တပ်စွဲထားသော စစ်တပ်လုံခြုံရေးကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၃

 

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ တွင် တပ်စွဲထားသော စစ်တပ်ကင်းနှင့်ဂိတ်ကို တိုက်ခိုက် မှု စစ်သား ၁ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်းထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ၊ပြည်မြို့နယ်၊ပေါင်းတလည်မြို့ အထက်တန်းကျောင်းတွင်တပ်စွဲနေသော စစ်ကောင်စီကင်းနှင့်စစ်ဆေးရေးဂိတ်ကို ၃၆၀၁ PPDF တပ်ရင်း ၊တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယခုတိုက်ခိုက်ခဲ့သော စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ပြည်သူများအပေါ်နိုင် ထက်စီးနင်းရိုင်းပြစွာဆဲဆိုစစ်ဆေးခြင်း၊ ကားသမား များကိုငွေတောင်းခြင်းများကို ပြုလုပ်နေသော စစ်တပ်ဂိတ်လည်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင် တိုက်ဖျက်ရေး စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ စစ်ရေးပစ်မှတ်များကို ပြတ် ပြတ်သားသားရှင်းလင်းတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိနေသော နေရာများနှင့် ခပ်ဝေးဝေး နေထိုင်ကြရန်၊ စစ်တပ်ရှိနေသော နေရာများကို တိမ်းရှောင်သွားလာကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *