Bago News

0 0
Read Time:2 Minute, 32 Second

ရန်ကုန် -နေပြည်တော်အမြန်လမ်း ၁၀၁ မိုင်အနီးရှိ ဆင်ဇလုပ်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်း ၁၀၁ မိုင်အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုက် ပကဖထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၅ ရက် နံနက်အစောပိုင်းက ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – နေပြည်တော် အ မြန်လမ်း မိုင်တိုင် ၁၀၁ အနီးရှိ စစ်သား အင်အား ၁၀ ဦးကျော်ဖြင့် တပ်စွဲထားသော ဆင်ဇလုပ် စစ် တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ် သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်စွဲထားတာက ၁၀ ဦးအထက်ရှိပါတယ်။ ညဘက်ဆိုတော့ စခန်းပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားတာရယ်၊ ကားလမ်းပေါ် ညဘက် အဆက်မပြတ်သွားနေတဲ့ကား ခရီးသွားပြည်သူ ကားတွေရယ်ကြောင့် စခန်းသိမ်း၊ မီးရှို့ ရှင်းလင်းတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး” ဟု ပဲခူးရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂၂ ဗျူဟာ 3701 ဒု တပ်ရင်း အထူးစစ်ဆင်ရေးအဖွဲ့ နှင့် ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ ခွဲ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန် – နေပြည်တော် – မန္တလေးအမြန်လမ်းသစ်နှင့်လမ်းဟောင်းများပေါ်တွင် ခရီးသွားပြည်သူ များက အဆက်မပြတ်မောင်းနှင့်နေမှုကြောင့် မစ်ရှင်ဖော်ဆောင်ရာတွင် အခက်အခဲရှိကြောင်း၊ ထို့ ကြောင့် ခရီးသွားမိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပါက အထူးဂရုစိုက်မောင်းနှင့်ကြရန်နှင့် နှစ် ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မသင်္ကာစရာ ဖြစ်စေသည့် လုပ်ဆောင်မှုမျိုး မလုပ်မိကြစေရန် ပဲခူး ခရိုင်ပ ကဖက အထူးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *