ရေဦးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၁၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။
မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက် အတွင်း အင်းအား ၃၀ ခန့် ဖြင့် ကင်းပတ်နေသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ကား ၂ စီးလည်း မိုင်းထိပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော် လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
မိုင်းဆွဲခံရပြီး ထိခိုက်ပျက်စီးသွားသော ကား ၂ စီးသည် မိုင်းထိသည့် နေရာ၌ပင် ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းအထိ ရှိနေသေးကြောင်း သိရသည်။
Thanlwin Myanmar Media