Sagaing News

0 0
Read Time:1 Minute, 52 Second

ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးပေါ်တွင် ကင်းပတ်နေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တစ်ကိုယ်တော် အောင်ကြီးပြောက်ကျားအဖွဲ့ (Salingyi) ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၅ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ က ဆားလင်းကြီးပေါ်ရှိ အထိုင်စခန်းမှ အင်အား ၃၀ ခန့်ဖြင့် ကင်းပတ်ထွက်လာသော စစ်သားများကို တစ်ကိုယ်တော် အောင်ကြီးပြောက်ကျားအဖွဲ့ (Salingyi) မှ စနိုက်ပါဖြင့်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိကာ ဆေးကုမှုခံယူနေကြောင်း သိရသည်

ပြီးခဲ့သည့် မတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်ကလည်း ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံး ကို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက လက်နက် ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို SOLO AUNG GYI (SaIingyi) အဖွဲ့နှင့်အတူ ယင်းမာပင်ခရိုင်တပ်ရင်း ၊ တပ်ခွဲ ၃ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ (SaIingyi) နှင့် ချင်းတွင်းဒိုင်းနမိုက် (Salingyi) တပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *