Bago News

0 0
Read Time:2 Minute, 1 Second

ဖြူးမြို့နယ်၊ တာကျိုးလမ်းဆုံတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး -အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း အာဠာဝက စစ်ကြောင်းထံမှ သိရသည်။

 

မတ်လ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖြူးမြို့နယ် ၊ ဖြူး-အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်း ဆုံ၌ အင်အား ၇၀ ခန့်ဖြင့် နေရာယူထားသော အကြမ်းဖက်စစ်သားများကို အာဠာဝကစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ကာ ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူ ၃ ဦးအနက် ဆေးရုံ၌ ၁ ဦး ထပ်မံ သေဆုံးသွားပြီး ကျန် ၂ ဦးမှာလည်း ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆၀ မမ ၊ ၁၂၀ မမ ၊ ဒရုန်းများဖြင့် ပစ်ကူ ပေး တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

မတ်လ ၈ ရက် နေ့ကလည်း ပဲခူးတိုင်း နှင့် ကရင်ပြည်နယ်အစပ်ရှိ ခလရ-၇၃ လက်အောက်ခံ သပြေ ညွန့်စခန်း သိမ်းပိုက်ရာတွင် အာဠာ၀ကစစ်ကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်များနှင့် အတူ ဖြူး – အုတ်ဖြတ်လမ်းမကို ၂ ရက်တာထိန်းချုပ်ခဲ့ကြောင်း အသိပေးထားသည်။

 

အာဠာဝကစစ်ကြောင်းအနေဖြင့် ပြည်သူလူထုထောက်ခံမှုဖြင့် နွေဦးတော်လှန်ရေးအောင်မြင်သည် အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *