Ta’aung News

0 0
Read Time:2 Minute, 42 Second

မိုင်းငေါ့မြိုနယ်တွင် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဥ် ၃ ဖွင့်လှစ်

 

D Day News

ဧပြီလ ၂၃

 

တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် TLEC မှ နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဥ် ၃ ကို ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၉ နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မိုင်းငေါ့မြို့နယ် တာလုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော် ဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးဌာနမှူး မိုင်းလှာညိူဝ်းနှင့် မိုင်းငေါ့မြို့ နယ် အုပ်ချုပ်ရေးမှူး မိုင်းဘီရ်ခြိူဝ်းတို့ကလည်း တက်ရောက်လာသည့် ဆရာ/ဆရာမများကို အား ပေးစကား ပြောကြားခဲ့ကြောင်း၊သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မိုင်းငေါ့မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် သင်ကြာရေးဆရာ ၊ ဆရာမများ၊ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် တအာင်းပြည် ပညာရေးကောင်စီ -TLEC မိုင်းငေါ့မြို့နယ်ပညာရေးမှူး ဒေါ်သီတာအေးမှ စွမ်းရည်မြင့် သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးများကိုလည်း ကြောသားရင်သား မခွဲ ခြားဘဲ သင်ကြားပေးရန်၊ ကလေးများကို စာလည်းသင် လူလည်းပြင် စသည့် အကြောင်းအရာများကို ပြောကြားခဲ့ကြောင်း သိရသည်။

 

TLECမှ ဖွင့်လှစ်သည့် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်းအား ဧပြီလ ၂၂ ရက်နေ့မှ လာမည့် မေလ ၂၂ ရက်နေ့ထိ ၁ လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်း ဆရာ၊ ဆရာမ စုစုပေါင်း ၁၅၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

TLEC မှ ယခု ဖွင့်လှစ်သည့် နွေရာသီ ဆရာ၊ ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်းမိုင်းငေါ့မြို့နယ် အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံနှင့် မိုင်းလုံမြို့တွင်လည်း ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

 

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က TLEC မှ ကြီးမှူးကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းဝေးတွင် ယခုလာမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တအာင်းပြည်ရှိ ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *