Read Time:1 Minute, 6 Second
ကဗျာကဏ္ဍ “အညာမြေကြမ်း လာမစမ်းနဲ့”
ပျိုးကြဲလက်
ဘိုးစဉ်ဘောင်ဆက် ၊ ဆောင်ဓါးထက်တဲ့
မိတ်ဖက်ဆုံရာ ၊ ဤမြေချာ၀ယ်
ရွှေညာသားတို့ ၊ ပျော်ရွှင်လို့ကွယ် ။
စက်မှုစီးပွား ၊ ဆန်စပါးနဲ့
လုပ်သားပေါကြွယ် ၊ ဂုဏ် မငယ်သား
နေဖွယ်အတိ ၊ လာလည်ကြည့်ကွယ့် ။
တို့မြေတို့ယာ ၊ တို့အညာမယ်
သွေးဆာဖျက်ဆီး ၊ ပြည့်ရန်မီးဆို
စုစည်းညီညာ ၊ မောင်းထုတ်တာကွယ့် ။
လာခဲ့ကြစမ်း ၊ လူ့သရမ်းတွေ
တို့ကြမ်းပြလျှင် ၊ ကြောက်စိတ်၀င်ကာ
နောင်တွင်နောင်တ ၊ ရကြစေ့မယ် ။
နွားဝှေ့နွားကန် ၊ မြွေကိုက်ပြန်၍
၀က်လှန်ပက်လေ ၊ ကျွဲခတ်သေမယ်
တို့မြေကကြမ်း ၊ လာကြစမ်းဟဲ့ ။
အညာအညာ ၊ တို့အညာကွယ့်
ဘာမှတ်သလဲ ၊ သွေးရဲရဲနဲ့
လူလည်းညီတယ် ၊ မှတ်ထားကွယ်ရို့
တကယ်တကယ် ၊ မှတ်ထားကွယ် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက် ညသန်းခေါင်းယံအချိန် ၁၂ နာရီ ၃၄ မိနစ်
Thanlwin Myanmar Media