လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား၊ ပျူ ၄ ဦး အပြင်းအထန် ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မတ်လ ၁၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ စစ်သား၊ ပျူ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက် နံနက် ၁၀ နာရီခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစခန်းဘန်ကာ ဘေးရပ်နေသော စစ်သား၊ ပျူ ၄ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ကြောက်လန့်တကြား လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ့ ၊ TPLFဒရုန်းတပ်ဖွဲ့ ၊ Sky Ghost (1) ဒရုန်း တပ်ဖွဲ့ ၊ နွေဦးပြောက်ကျားဒရုန်းတပ်ဖွဲ့ နှင့် ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media