ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူစခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲထံမှ သိရသည်။
ယနေ့မတ်လ ၁၄ ရက် ညပိုင်း ၁၂ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစခန်း မှ အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ဗိုလ် ၁ ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိမှန်ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိကာ မုံရွာဆေးရုံသို့ ညတွင်း ပို့ ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်အခြေစိုက် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်း စစ်ဒေသ ၃ တပ်ခွဲမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media