တောင်သာမြို့နယ်၊ ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်သား များ နေထိုင်သည့် ဂိတ်နှင့် ဂိုထောင်ကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံတို့ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သားများ နေထိုင်သည့် ဂိတ်နှင့် ဂိုထောင် ကို မီး ရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၁၄ ရက် မွန်းလွဲပိုင်းက အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော တောင် သာမြို့နယ် အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း သံဘက်မှ တဆင့် စစ်သား အင် အား ၃၀ ခန့် စစ်ကူရောက်ရှိလာသဖြင့် လက်နက်ခဲယမ်းကောက်ယူနိုင်ခြင်းမရှိပဲ စခန်းဂိတ်ကို မီးရှို့ ကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သားအထိုင်ချရာနေရာအား မီးရှို့၍ ပြန်ဆုတ်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး စစ်ကောင်စီတပ်သားများထံမှ ပစ် ခတ်သည့် ၄၀ မမ ကျည်စထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အလားတူ တောင်သာမြို့နယ် ၊ စွပ်ကျယ်စက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာ ၃ လုံးပြိုကျ ပျက်စီးခဲ့ပြီး စစ်သားများ နေထိုင်သည့် ကြက်သွန်ဂိုထောင်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ ဂိုထောင်အတွင်း စစ်သားများ ဝတ်ဆင်သော ယူနီဖောင်း ၊ ကျည်အိတ်အပို၊ ကျည်ဘောက် များ မြင်တွေ့ခဲ့ရသော်လည်း ယူဆောင်နိုင်ခဲ့မရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media