ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်သားများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
မတ်လ ၁၅
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာရှိ ပြည်သူ့ နေအိမ်များကို မီးရှို့နေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းထံမှ သိရသည်။
မတ်လ ၁၃ ရက် ည ၇ နာရီ ၁၀ မိနစ်က ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် အင်အား ၆၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်သားများသည် ပြည် သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တော်ဝင်လျှပ်စီး စစ်ကြောင်း – RTC နှင့်အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ရေတာရှည်ပကဖအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media