Budalin News

0 0
Read Time:1 Minute, 57 Second

ဘုတလင်မြို့ပေါ်မှ လမ်းရှင်းရန် ထွက်လာသော စစ်သားများကိုမိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှု ၅ ဦး အပြင်း အထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၇ နာရီခွဲခန့်က ဘုတလင်မြို့ပေါ်မှ အကြမ်းဖက်စစ်သားများသည် မိုင်းရှင်းရန် အတွက် ညောင်ပင်ကန်ရွာဘက်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များမှ မိုင်း ၂ လုံးဆွဲပြီး လက်လုပ် ၄၀ မမ ၁၇ လုံး ၊ ၆၀ မမ ၁၀ လုံး ၈၀ မမ ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများအနက် ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ ၊ မရှိကို အတိ အကျ သိရှိရခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်စစ်သားများဘက်လက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ကာ လမ်းရှင်းနိုင်းခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ၊ ဘုတလင်မြို့နယ် တိုက်နယ်၂ ပကဖ အဖွဲ့ ၊ ဘုတလင်မြို့နယ် မဟာအဖွဲ့ နှင့် ဘုတလင်မြို့နယ်ရမ်းဘီဘူးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *