Mandalay News

0 0
Read Time:2 Minute, 3 Second

စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၃၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၄

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။

 

ယနေ့ မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လူစည်ကားရာ ဈေးဆိုင်တန်းများကို အကြောင်းမဲ့ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း စဉ့်ကူးမြိုနယ် ၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင် စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများရှိ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်လာသည်ကို တွေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *