Jail News

0 0
Read Time:3 Minute, 46 Second

ဗန်းမော်နှင့် မိုးညှင်း အကျဉ်းထောင်အတွင်းရှိ ရာဇဝတ် အကျဉ်းသားများကို စစ်တပ်က လက်နက် တပ်ဆင်ပေးပြီး ကင်းစာင့်ခိုင်း

 

သံလွင်မြန်မာသတင်း

မတ်လ ၁၄

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မိုးညှင်းမြို့တို့ရှိ အကျဉ်းထောင်များအတွင်းမှ ရာဇဝတ်အကျဉ်းသား များကို စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ကချင်ပြည်နယ်အတွင်း KIA နှင့်တော်လှန်ရေးတပ်များ တိုက်စစ်ဖော်ဆောင်သည့် ဒေသများအတွင်း ရှိ ဗန်းမော်အကျဉ်းထောင်နှင့် မိုးညှင်းအကျဉ်းထောင်များတွင် ရာဇာဝတ်မှုများဖြင့် နှစ်ကြီးကျနေ သည့် အကျဉ်းသားအချို့ကို စစ်ကောင်စီတပ်က လက်နက်များတပ်ဆင်၍ ထောင်ခံစစ်ကင်းများတွင် လုံခြုံရေးစောင့်ခိုင်းခြင်းနှင့် စစ်ကောင်စီတပ်အား လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးတပ်ဖွဲ့ ဝင် များကို စစ်ကောင်စီနှင့်အတူ ပူးတွဲခုခံမှုများလုပ်ဆောင်‌ရန် စေခိုင်းမှုများရှိကြောင်း သိရသည်။

စစ်စည်းကမ်း၊ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားသည့် စစ်သား နှင့်ရဲတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ခြင်းများက ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေးဖြင့် လွိုင် ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဗိုလ်အဆင့်ဖြင့် အကျဉ်း ထောင်တွင်းဖမ်းဆီးခံထားရသူများကို တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ပါက ကျခံနေရသည့် ပြစ်ဒဏ် များကို ဖျက်သိမ်း၍ မူလရာထူးကို(ယာယီ) ပေး၍ တိုက်ပွဲအတွင်း ပြန်လည်အသုံးပြုမှုများရှိခဲ့ ကြောင်း သိရသည်။

 

ယခုကဲ့သို့ အကျဉ်းသားများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရရန် စစ်တပ်တွင် တာဝန်ထမ်းဆောင် စေခြင်းများသည် တရားမဝင်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်၍ အင်အားဖြည့်တင်းလာမှု အား PPNMအနေဖြင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

 

ထိုသို့ အကျဥ်းထောင်တွင်းရှိ အကျဉ်းသားများကို အတင်းအဓမ္မ လက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေး တပ်များကို ခုခံတိုက်ခိုက်ရန် စေခိုင်းမှုများကို PPNM အနေဖြင့် အချိန်များစွာယူ၍ စုံစမ်းမှုများပြု လုပ်ပြီး အတည်ပြုနိုင်သည့်အခြေအနေများအား စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

 

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်းရှိနေသည့်အကျဉ်းထောင်များတွင် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်မှ ထောင်တွင်းအကျဉ်းချခံထားရသည့် ရာဇဝတ်အကျဉ်းသားများကို ထောင် တွင်းခံစစ်အတွက် လက်နက်တပ်ဆင်၍ ကင်းစောင့်ခိုင်းခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များလာ ရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်း လျက် ရှိကြောင်း PPNM အနေဖြင့် စုံစမ်းထုတ်ဖော်ထားည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *