Read Time:1 Minute, 6 Second
ကဗျာကဏ္ဍ “မိတ်ပျက်ဆွေပျက် ဘဝဖျက်”
ပျိုးကြဲလက်
ရင်မချိပါဘု
ခင်မိတဲ့ အဖြစ်ကို ။
စစ်ခွေးဆို ဘဝထိုထိုဝေးစေပေါ့
ဒုက္ခအေးလို ။
အာဏာရမ္မက် အမျက်ပို
ပြည်တခို လောင်မြိုက် ။
အပူကောင် လူညွန့်တုံးက
ပြည်လုံးမီးတိုက် ။
ပြည့်အာဏာ ပုန်ကန်ဖျက်လို့
လက်သုံးချောင်းနဲ့ တိုက်ပွဲဝင် ။
စစ်ခေါင်းဆောင် အာဏာယစ်တော့
အပြစ်လို့မြင် ။
ပြည်သူမှန်သမျှ ရန်သူထင်
ခွေးစိတ်ဝင် ချေမှုန်း ။
သူ့ကျွန်မခံ တော်လှန်ကြလို့
ရှုံးပြီးကရှုံး ။
တိုင်းပြည်ကို လောင်းကြေးထပ်တဲ့
လူသတ်ပွဲ ဆင်သကို ။
ရဲမက်တွေ မိသားစုဘဝ
ပျက်စီးရဆို ။
ခေါင်းဆောင်ယုတ်လို့ အသက်တို
အရိုးအရင်းကို မမက်နဲ့ ။
မိတ်သဟာ ရင်မချိတယ်
ပြင်ကြည့်ပါကွယ့် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၂၂ မိနစ်
Thanlwin Myanmar Media