အုတ်တွင်းမြို့နယ်၊ ရေအိုးစင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ လူသွားလမ်းများပေါ်တွင် မိုင်း ထောင်ခြင်းများ ပြုလုပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၃
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရေအိုးစင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ လူသွားလမ်းများ ပေါ် တွင် မိုင်းထောင်ခြင်းများ ပြုလုပ်နေသော စစ်သးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း Delta One Drone Force တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၀ ရက် နံနက် ၈ နာရီခန့်က အုတ်တွင်းမြို့နယ်၊ ရေအိုးစင်ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအသုံးပြုသွားလာနေသည့် လမ်း များပေါ်တွင် မိုင်းထောင်ခြင်းများပြုလုပ်နေသည့် အကြမ်းဖက်စစ်သားများကို 5 kg ဗုံးသီး ၂ လုံး ၊ 2.5kg ဗုံးသီး ၂ လုံး နှင့် 2 kg ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Delta One Drone Force ၊ အုတ်တွင်းမြို့နယ်ပကဖ Drone အဖွဲ့နှင့် တပ် ရင်း ၃၅၀၄ Federal Peacock Drone အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် ရေအိုးစင်ကျေးရွာမှ ပြည်သူ့နေအိမ် ၄ လုံးမီးလောင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media