ရေးမြို့၊ ဘီယာဆိုင်တစ်ဆိုင်၌ ပစ်ခတ်ခံရပြီးသေဆုံးသွားသော နယ်ထိန်းရဲမျိုးသူထံမှ ရွှေဆွဲကြိုး၊ ဖုန်း၊ ကျပ်သိန်း ၁၀၀ ကျော်ရှိ ဘဏ်စာအုပ်ပါ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မတ်လ ၁၃
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်အတွင်းရှိ ဘီယာဆိုင်၌ ပစ်ခတ်ခံရပြီး သေဆုံးသွားသော နယ်ထိန်းရဲ မျိုးသူထံမှ ရွှေဆွဲကြိုး၊ ဖုန်းနှင့် ကျပ်သိန်း ၁၀၀ ကျော်ရှိ ဘဏ်စာအုပ်ပါ သိမ်းဆည်းရရှိခဲ့ ကြောင်း ရေးဘီလူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မတ်လ ၉ ရက် ညနေ ၆ နာရီခန့်က ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၌ ဘီယာဆိုင် တစ်ဆိုင်၌ ဘီယာသောက်နေသူ နယ်ထိန်းရဲ မျိုးသူကို ရေးဘီလူးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရဿည်။
သေဆုံးသွားသော နယ်ထိန်းရဲ မျိုးသူထံမှ မိဘပြည်သူများအပေါ် မတရားအနိုင်ကျင့်ကာ ရရှိထား သော ငွေဖြင့် ဝယ်ယူထားသော ၅ မူသားရှိ ရှမ်းရွှေဆွဲကြိုး ၁ လုံး၊ Vivo အမျိုးအစား ဖုန်း ၂ လုံး ၊ ကျပ်သိန်း ၁၀၀ ကျော်ပါ KBZ ဘဏ်စာအုပ် ၁ အုပ်နှင့် ငွေသား ကျပ် ၄ သိန်းတို့ကို သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
နယ်ထိန်းရဲမျိုးသူသည် ပဲခူးတိုင်း၊ မိုးညိုမြို့နယ် ၊ သပြေပင်ရွာသားဖြစ်ပြီး ရေးမြို့တွင် တာဝန်ကျ နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့ပေါ် တွင် လောင်းကစားဝိုင်းများ ထောင်ခြင်း၊ မူးယစ်ဆေးဖြန့်ဖြူးရောင်းချခြင်း၊ ပြည်သူများကို မတရား ဖမ်းဆီးကာ အမှုဆောင်ရွက်ခ အဖြစ် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်၍ ကြီးပွားချမ်းသာနေသူ ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုအပေါ် မတရားဖမ်းဆီးနှိပ်စက်နေသော စစ်သား၊ ရဲများကို ဆက်လက် တိုက်ခိုက်သွား မည်ဖြစ်သည့်အပြင် စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များကို အရှိန်မြှင့်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်သား၊ ရဲနှင့်၎င်းတို့တပ်စခန်းများအနီး နေ ထိုင်ခြင်းမပြုကြပါရန် အသိပေးတိုက်တွန်းထားသည်။
Thanlwin Myanmar Media