မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံ Nareasuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်
သံလွင်မြန်မာသတင်း
မတ်လ ၁၃
ထိုင်း -မြန်မာနယ်တလျှောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားလူထုကို ကူညီ စောင့်ရှောက်ပေးနိုင်ရေးအတွက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်စင်သီယာမောင်ကို ထိုင်း နိုင်ငံ Nareasuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ၊ Nareasuan University တက္ကသိုလ်တွင်ကျင်းပသည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ဘွဲ့ချီးမြှင့်အခမ်းအနားသို့ ထိုင်းဘုရင့်နိုင်ငံ ထိုင်းဘုရင့်တော်ဝင်မိသားစု (Royal Thai) မှ Princess Maha Chakri Sirindhorn ကိုယ်တိုင်လာရောက်ချီးမြှင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားလူထုများအတွက် ကျန်းမာရေးနှင့် ပတ်သက်ပြီး မှီခိုအားထားရာဖြစ်သည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမ ကြီး ဒေါက်တာနော်စင်သီယာမောင်ကို Faculty of Social Sciences, Nareasuan University က Nominated (အဆိုပြုတင်ပြ) ပေးခဲ့တာဖြစ်ပြီး အာစီယံ ဒေသတွင်း လူသားအကျိုးပြုလုပ်ငန်း များ ကို လုပ်ဆောင်နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်စေသည့်အတွက် ဘွဲ့ပေးအပ်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ဘက်က ထုတ်ပြန်ထား သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Nareasuan University မှ နှစ်စဉ် Honorary Doctorate အတွက် သက်ဆိုင် ရာ တက္ကသိုလ်တာဝန်ရှိသူများမှ Nominated (အဆိုပြုတင်ပြခြင်း) လုပ်ပြီး တက္ကသိုလ်ကောင်စီ ကနေ ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်သည် အာရှသူရဲကောင်းဆု အပါအဝင် ကျန်းမာရေး ပညာ ရေး နှင့် လူသားအကျိုးပြုလူမှုထူးချွန်ဆုများစွာ ရရှိထားသူဖြစ်သည်။
ယခုကဲ့သို့ ဆရာမကြီးဒေါက်တာနော်စင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံရသည့် အ တွက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးနေဖြင့် လွန်စွာ ဝမ်းမြောက်ဂုဏ်ပြုယူမိပြီး ဆရာမ ကြီး အနေဖြင့် လူသားအကျိုး ပြုလုပ်ငန်းများကို ယခုထက်မက ပိုမိုလုပ်ဆောင်နိုင်စေရန် ဆန္ဒပြုပါ ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media