CDM News

0 0
Read Time:2 Minute, 20 Second

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းမှ ပျူတစ်ဦး လက်နက်ခဲယမ်းများယူဆောင်ပြီ မိသားစုနှင့်အတူ လင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၃

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစခန်းမှ ပျူတစ်ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး မိသားစုနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရ သည်။

 

ယမန်နေ့ မတ်လ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ တိုက်နယ် ၂ နယ်မြေ၊ ဇီးဖြူကုန်း ပျူကျေးရွာသို့ရောက် ရှိနေသော တည်သီးတောကျေးရွာ လက်နက်ကိုင် ပျူတစ်ဦးသည် ကာဘိုင်အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၁၅၇ တောင့်တို့ကို ယူဆောင်ပြီး ရွှေဘိုမြို့နယ် ပကဖထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ရာတွင် ၎င်း၏ မိသားစုဝင်များပါ တစ်ပါးခေါ်ဆောင်လာခြင်းဖြစ်ပြီး ရွှေဘို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံကာ အလင်းဝင်လာသူနှင့် အတူ မိသားစုများကိုပါ လူ့အခွင့်အရေးအပြည့်အဝ တာဝန်ယူ စောင့်ရှောက်ပေးထားကြောင်း သိရ သည်။

 

ထို့အပြင် လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်သည့်အတွက် ဂုဏ်ပြုဆုငွေ များလည်း ထိုက်သင့် အားလျော်စွာ ချီးမြှင့်ခဲ့ပေးခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင် ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူများအနေဖြင့် အမြန် ဆုံး အလင်းဝင်ရောက်ကြရန်တိုက်တွန်းထားသည်။

 

အလင်းဝင်ရောက်ရာတွင်လည်း အချိန်မရွေး ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များနှင့် “အချိန်မီ အလံဖြူထောင်ဖို့လိုပြီ” ဟု ရေးသားထားသော လက်ကမ်းစာစောင်များကို ဒရုန်းဖြင့် ကြဲချကာ ဖြန့်ဝေထားကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *